ရေကြည်ရာမြက်နုဆိုတဲ့
စကားတစ်ခွန်း
အသုံးချလို့
မြို့ကလေးနဲ့ဝေးရာဆီမှာ
ပြန်မရတော့မယ့်
ငယ်ရွယ်နုပျိုချိန်တွေ
ငွေကြေးနဲ့
မိုက်မဲစွာ လဲလှယ်ခဲ့ပေါ့။
ဖြစ်ချင်တာထက်
ဖြစ်သင့်တာတွေ
ဦးစားပေးရင်း
တဖြည်းဖြည်းချင်း
မြို့ကလေးနဲ့
အလှမ်းဝေးခဲ့ပေါ့။
အချိန်ကဝါးမြိုလို့
ငယ်ရွယ်မှုတွေ
မရှိချိန်မှ
မြို့ကလေးကိုပြန်သင့်ပြီလို့
အထိတ်တလန့်
အသိဝင်ခဲ့မိပေါ့။
မြို့ကလေးကတော့
မေတ္တာမပျက်
အကြင်နာတရားနဲ့
မောပန်းလာသူကို
ငြိမ်းချမ်းစွာကြိုမြဲ။
မြို့ကလေးရေ
သစ္စာပျက်သူကို
ခွင့်လွှတ်စွာ
အရိပ်ပေးလို့
အေးမြစေတဲ့
မင်းရင်ခွင်မှာ
ခိုနားဖို့အတွက်
မောပန်းနေတဲ့
ဘဝခရီးသည် ပြန်လာခဲ့ပြီ။
အရိပ်ပေးလှည့်ပါတော့...
ပြန်မလာနဲ့ဦးတဲ့... အလုပ်သစ်ကို လုပ်လိုက်ပါဦးတဲ့...
ReplyDelete