ငယ်ပေါင်းတို့ရဲ့ စံရာမြေ (ကာတွန်းမြင့်သိန်း)
---------------------------------------------
ရှုကြည့်မဆုံးအောင် အပြောကျယ်လှတဲ့ လယ်ကွင်းပြင်ကြီးတွေရဲ့ အနောက်ဘက်
အနားသတ်မျဉ်း နှုတ်ခမ်းသား တစ်လျှောက်မှာမှ လက်ပံချောင်၊ ကညင်ပင်၊
ထိန်ပင်စု၊ ဥသျှစ်ကုန်း ... စတဲ့ ရွာကလေးတွေက အစီအရီ တန်းစီ ရှိနေကြတာပေါ့။
အဲဒီ ရွာကလေးတွေကနေ အရှေ့ဘက် လယ်ကွင်းကြီးကို ကျော်ပြီး
လှမ်းမျှော်ကြည့်မယ် ဆိုရင်တော့ မိုးကုပ်စက်ဝိုင်းကိုသာ မြင်ရလိမ့်မယ်။
ကျုပ်နေတဲ့ ကျုပ်ရဲ့ ဇာတိမြေက ဥသျှစ်ကုန်းလေ။ ကျုပ်ရဲ့ ငယ်ပေါင်းတွေကတော့
နီပွန်၊ ဝမ်ဒူ၊ ထွန်းအံ့၊ ဝက်ကြီးနဲ့ သိန်းမောင်။ မိန်းကလေးတွေထဲက ဆိုရင်
ခင်စိန်၊ အေးမြိုင်နဲ့ မိဒိုင်း။ ဒါတွေက တကယ့်ကို ခင်တဲ့ ငယ်ပေါင်းတွေ။
မေးထူး ခေါ်ပြော သိကြတာတွေကတော့ အပုံပေါ့။ ရှိတာပေါ့ တစ်ရွာလုံး လိုလို။
ခုတလော ကျုပ် ဥသျှစ်ကုန်းကို အရမ်းကို သတိရရနေမိတယ်။ ပြောရရင်
အသက်ကြီးလာလေ၊ သတိရစိတ်က ပိုပိုစိပ်လာလေပဲ မှတ်တယ်။ ဥသျှစ်ကုန်းကို
သတိရလေမှတော့ အမေနဲ့ အဖေဆိုတာ ဘယ်ကျန်ရစ် နိုင်ပါ့မလဲ။ ကျုပ်က
တစ်ဦးတည်းသော သား။ အဖေ၊ အမေတို့နဲ့ အတူနေခဲ့တဲ့ အိမ်ကြီးရယ်၊ ခြံရှေ့မှာ
မားမားကြီး အုပ်မိုးထားတဲ့ ဖျောက်ဆိပ်ပင်ကြီးရယ်ဟာ ကျုပ် ဥသျှစ်ကုန်းကို
သတိရလိုက်တာနဲ့ တန်းခနဲ ရှေ့က ပါလာတော့တာပဲ။ တစ်ခါမှ မလစ်ဟင်းခဲ့ဘူး။
ကျုပ်အဖေက နာမည်ကျော် လက်သမား ဆရာကြီး။ သူ့အလုပ်က ပင်ပန်းတယ် ဆိုပြီး
ကျုပ်ကို ပညာတတ်ကြီး ဖြစ်အောင် အတန်းကျောင်းကို ဇွတ်ကို ပို့ရှာပါတယ်။
ဒါပေမဲ့ ကျုပ်က ခုနစ်တန်း အောင်ရုံပဲ နေတယ်။ အဲဒီခေတ်က ခုနစ်တန်း အောင်ရင်
အောက်တန်းစာရေး ကောင်းကောင်းရတယ်။ ကျုပ်က စာရေး စာချီ အလုပ်ကို ဝါသနာမှ
မပါတာ။ညဒီတော့ ကျောင်းဆက် မနေဘူး။ အိမ်မှာ ရှိနေတဲ့ အဖေ့ လက်သမား
ပစ္စည်းတွေနဲ့ ပရိဘောဂ ပစ္စည်းတွေ လုပ်တယ်။ ဒါက ပညာအရည်အချင်း အပိုင်းပေါ့။
ရုပ်ရည်ကျတော့ ကျုပ်က အမေတူမို့ ချောတာလို့ လူတိုင်းက ပြောကြတယ်။ ဟုတ်တယ်။
အဖေနဲ့ အမေက လုံးဝ မလိုက်ဖက်ဘူး။ အဖေက အလုပ်ကြမ်းသမား ဆိုတော့ ပေပေတေတေပဲ
နေတယ်။ အမေကတော့ ဖြူဖြူစင်စင် ခန့်ခန့်ကြီး။ ကျုပ် တစ်ခါတလေ အဖေ့ကို
အလုပ်လိုက်ကူ လုပ်ပေးရင် အဖေ့သားပါလို့ ဘယ်သူကမှ မထင်ကြဘူး။ ဒါပေမဲ့ အမေက
ပေးမလုပ်ပါဘူး။ အဖေကလည်း အတူတူပဲ။ ကျုပ်ကို ရွှေပေါ်မြတင် ထားကြရှာတာပါ။
တစ်ဦးတည်းသော သားလေး လေ။ ချစ်ကြတာလည်း မပြောနဲ့။
ကျုပ်နာမည်ကို “ဘုန်းလူ” လို့ ပေးထားကြတယ်။
အဲဒီနာမည်ကို ကျုပ်ကိုမွေးပြီး သုံးလေးလအထိ အဖေ အချိန်ယူပြီး
ရွေးချယ်ခဲ့ရှာတာတဲ့။ ကျုပ်ငယ်ငယ်က အဖေ့ကို ချစ်ရကောင်းမှန်း သိပ်မသိဘူး။
ကျုပ် သားသမီးတွေ ရလာတော့မှ အဖေ့ရဲ့ ပုံစံကို ချစ်စရာရယ်လို့ နားလည်လာတယ်။
အဖေနဲ့ အမေရဲ့ သားသမီးတွေ အပေါ် ဆက်ဆံပုံ ဆက်ဆံနည်းက တူမှမတူတာပဲဟာ။
ဘုန်းရှိန် ကံရှိန်တွေ တလူလူ တက်အောင် ရည်ရွယ်ပေးခဲ့တဲ့ နာမည်ကြောင့်ပဲလား
မသိဘူး။ ကျုပ်မှာရှိတဲ့ ပင်ကို အရည်အချင်းထက် တိုးတက် အောင်မြင်မှုက
မြင့်မားလွန်းတယ်လို့ ဆိုရမယ်။ ကျုပ်တို့ ဥသျှစ်ကုန်းသားတွေ ထဲမှာ
ရန်ကုန်တက်ပြီး ကြီးပွားနေတာ ကျုပ်တစ်ယောက်ပဲ ရှိတယ်လို့တောင်မှ
ဂုဏ်ယူကြရတဲ့အထိ ဆိုပါတော့။ ဥသျှစ်ကုန်းသားတွေ ပြောရှာကြတာပါ။
ကျုပ်
ငယ်ငယ်ကတည်းက စန်းပွင့်တယ်။ အဖေရှာတဲ့ ပိုက်ဆံကို တစ်ဦးတည်း
ဒိုင်ခံသုံးရပြီး အမေကို သွားတူတဲ့ ကျုပ်ရဲ့ ဥပဓိရုပ်ကြောင့်လို့ ဆိုရင်
မမှားဘူး ထင်ရဲ့။ ကျုပ်ဟာ အဖေ့ရဲ့သွေး ပါလို့ လက်သမားဘပညာမှာ
ကျွမ်းကျင်ပေမယ့် အဖေ့လို ပင်ပန်းတဲ့ အိမ်ဆောက်တဲ့ အလုပ်မျိုးကို မလုပ်ဘဲ
အနုစိတ် ကိုင်တွယ်ရတဲ့ အိမ်ထောင် ပရိဘောဂ ပစ္စည်း လုပ်တာမျိုးကိုသာ လုပ်တယ်။
အဲဒီမှာ ကျုပ်ဇနီးနဲ့ ဖူးစာဆုံဖို့ ကံပါလာရတော့တာပေါ့။ ကျုပ်ဇနီး နာမည်က
မမှုံလေ။ ရန်ကုန်က မြို့ကြီးသူ။
ကျုပ်ဇနီးရဲ့ မိဘတွေက ရန်ကုန်ပေါ်မှာ
အိမ်ထောင် ပရိဘောဂ ပစ္စည်း ဆိုင်ကြီး အကြီးအကျယ် ဖွင့်ထားတယ်။
လက်ရာကောင်းတဲ့ ကျုပ်။ ရန်ကုန် ရောက်လာတော့ အမေ့ကို သွားတူတဲ့
ဘဝအကျိုးပေးလေးနဲ့ အဖေတူတဲ့ လုပ်ရည်ကိုင်ရည်တွေကြောင့် ကျုပ်ဇနီးရဲ့မိဘ
အဖေကြီးက သဘောကျပြီး အခုလို တောက်လျှောက် ကြီးပွားလာခဲ့ရတော့တာပါပဲ။
ဒါကြောင့် ဘုန်းလူဆိုတဲ့ နာမည်ကြောင့်လား မသိဘူး ပြောတာပါ။
ရန်ကုန်ပေါ်မှာ အမြင်ကျယ်လာတဲ့ ကျုပ်ဟာ နောက်ပိုင်းကျတော့ ပင်ပင်ပန်းပန်းကို
လုပ်စရာကို မလိုတော့ပါဘူး။ ကျုပ်တို့ လင်မယားက ယောက္ခမ မိဘတွေရဲ့အမွေကို
ဆက်ခံနိုင်ခဲ့ကြသလို ကျုပ်တို့ ကျပြန်တော့လည်း သားနဲ့ သမီး နှစ်ယောက်ကို
သူတို့ပိုင် Furniture ဆိုင်ကြီးတွေ တစ်ဆိုင်စီ ထူထောင်ပေး နိုင်ခဲ့ကြတယ်။
သားအငယ်ဆုံးကောင်က မန္တလေးမှာ။ သူ့ယောက္ခမတွေရဲ့ ကားပစ္စည်း ဆိုင်မှာပေါ့။ အခု
ကျုပ်တို့နဲ့အတူ နေနေကြတာက သားအကြီးဆုံး လင်မယားနဲ့ သူတို့ရဲ့သားသမီး
သုံးယောက်လေ။ ကျုပ်ရဲ့မြေးတွေ သားနှစ်ယောက်က အကြီး။ အငယ်ဆုံးမလေးက
ခုနစ်တန်း။ ဒီခေတ် လူငယ်တွေနဲ့ အတူနေရတဲ့ လူကြီး သက်ကြီးရွယ်အိုတွေရဲ့
ဒုက္ခကလည်း သေးတာမှ မဟုတ်တာ။ မြေးအကြီးကောင်ရော၊ အငယ်ကောင်ပါ ဆယ်တန်းမှာပဲ
ရှိကြသေးတယ်။ မအောင်ကြသေးဘူး။ အငယ်ကောင်က ကျုပ်နဲ့ တူတယ်။ စာဝါသနာ မပါဘူး။
ဂစ်တာ တဒေါင်ဒေါင်သမား။ သူ့အဖေနဲ့ အမေ နှစ်ယောက်စလုံးက မနက်က ထွက်ကြတာ
မိုးချုပ်မှ သူတို့ လုပ်နေကြတဲ့ ကုမ္ပဏီက ပြန်ကြတယ်။ မြေးအငယ်မလေးကတော့
ကျူရှင်နဲ့ ကျောင်းပေါ့။ ဟို ... အလတ်မြေး ဂစ်တာကောင် အိမ်မှာ မရှိရင်
ကျုပ် သိပ်ကို စိတ်ချမ်းသာတယ်။ နားကို အေးလို့။ သူနဲ့ သူ့ညီမ ရှိလို့ကတော့
ဖွင့်လိုက်ကြတဲ့ စက်မျိုးစုံတွေ။ ဗီစီဒီတဲ့။ ကာရာအိုကေတဲ့။ မျိုးကို
စုံနေတာ။ ဆိုတီး ၊တီးပြီးများ မောင်နှမနှစ်ယောက် ဆိုကြရင်
သွေးတိုးချင်လာတဲ့ထိ ခံရတယ်။
အဲဒါတွေကြောင့် ကျုပ် ခုတလော
ဥသျှစ်ကုန်းကိုချည်း သတိရနေမိတာ။ ဪ ... ဥသျှစ်ကုန်းကို အမေတို့၊ အဖေတို့
မရှိတော့ကတည်းက အရောက် ကျဲသွားလိုက်တာ ခုဆို အနှစ်နှစ်ဆယ်တောင် ရှိရော့မယ်။
ထူးထူးဆန်းဆန်း ခုတလော အမေပြောတဲ့ စကားကို အထူး သတိရရ ကြားကြားနေတယ်။
“ငါ့သား ဘုန်းလူကတော့ ချေးကျရာတဲ့ ပျော်တဲ့ကြက်ပဲ” ... တဲ့လေ။ ရောက်လေရာ
အရပ်မှာ အရေးပေးခံရတဲ့ ကျုပ်က ရောက်ရာအရပ်မှာ ပျော်ပြီး နေတတ်လို့ အမေက
အဲဒီလိုမျိုး ပြောခဲ့တာပါ။ ခုတော့ ကျုပ်အမေ ကြားမယ်ဆိုရင်
ပြောစမ်းချင်ရဲ့လေ။ ကျုပ်ရဲ့ လက်ရှိဘဝကြီးကိုပါ။
“အမေ့သား ချေးကျရာ အရပ်မှာ မပျော်နိုင်တော့ဘူး အမေရေ”
ဟုတ်တယ်။ ကျုပ် Accident ဖြစ်လို့ ညာခြေ မသန်တော့ကတည်းက အလုပ်တွေလည်း
သားသမီးတွေ လွှဲလိုက်ပြီ။ အသက်ကလည်း ခုနစ်ဆယ် ကျော်လာပြီ ဆိုတော့ အိမ်မှာပဲ
ထိုင်နေခဲ့တာ ကြာပြီပဲ။ သားအကြီးဆုံး မိသားစုနဲ့ နေရတာ စိတ်ပျက်စရာ။
ပြောလို့ကလည်း မသင့်။ စိတ်ထဲမှာ ကိုယ့်အချိန်အခါ မဟုတ်တော့သလို
ခံစားနေရတယ်။ သူတို့ခေတ်အခါနဲ့ သူဆိုတော့ လူကြီးဆိုပေမယ့် အရှိန်အဝါ
ကင်းနေရပြီ မဟုတ်လား။ ကျုပ်ဇနီးကတော့ မြို့ထဲက သားနဲ့သမီးတွေဆီ
လှည့်သွားနေလေရဲ့။ ကျုပ်မပြောရက်ပါဘူး။ သူ သူ့ချွေးမကြီး မိသားစုကို
သိပ်ဘဝင်မကျတာ ကျုပ်သိနေတာကိုး။ ကျုပ်က သူ့လိုမှ လှည့်ပတ်သွား
မနေနိုင်တာကလား။ ဒီတော့ တစ်နေ့ တစ်နေ့ ငယ်ပေါင်းတွေ ရှိရာ ဥသျှစ်ကုန်းကိုပဲ
သွားချင်စိတ်က ပိုပိုပြင်းပြ လာနေမိတော့တာပေါ့။
"ဪ ... လွမ်းလိုက်ပါဘိ ဥသျှစ်ကုန်းရယ်"
* * *
“တွီ ... တွီ ... တွီ”
ကျုပ်ရဲ့ အတွေးအာရုံထဲကို အစီအရီ ရောက်ရှိ လာနေကြတဲ့ ငယ်ပေါင်းတွေရဲ့
ရုပ်သွင်တွေနဲ့ ဥသျှစ်ကုန်းရဲ့ မြင်ကွင်းပုံရိပ်တွေဟာ မြည်လာတဲ့ တယ်လီဖုန်း
ခေါ်သံကြောင့် TV ကြည့်ရင်း မီးပျက်သွားသလို ဖြတ်ခနဲ ပျောက်ကွယ်
သွားကြရတယ်။ ကျုပ် လာအကိုင်ကို စောင့်စားနေတဲ့ တယ်လီဖုန်းခုံနား ရှိရာကို
ထော့နင်းထော့နင်းနဲ့ လျှောက်သွားပြီး ခါးလယ်က ဆွဲမ နားထောင်ရတာပေါ့။
တစ်ဖက်က သမီးအိမ်ကနေ ဆက်နေတဲ့ ကျုပ်မိန်းမ။
“ဟလို ... အာ ... စားပြီးပြီပေါ့ကွ ...။ ဘယ်အချိန်ာရှိနေပြီလဲ။ ပြီးပြီ ... ပြီးပြီ ...”
“ရှင့်ကို အဲဒါတွေညမတည့်တာပေါ့။ စေတနာနဲ့ မေးတဲ့ဟာကို ဘာလို့ စိတ်မရှည် ဖြစ်နေရတာလဲ”
"ဟ ... နှစ်နာရီဘဲ ထိုးနေပြီ ဥစ္စာ။ ကဲ ... ကဲ ... ဘာပြောစရာ ရှိသေးလဲ။ ပြော ...”
“ဒီမှာ ရှင့်သမီးက တစ်ည ထပ်အိပ်ဖို့ ပြောနေလို့”
“မင်းဟာမင်း အိပ်ချင်အိပ်၊ မအိပ်ချင်နေ။ ဒါပဲ မဟုတ်လား”
“ဂွပ် ...”
ကျုပ်ကိုယ်ကျုပ် ဘာကို စိတ်တိုမှန်း မသိဘူး။ ဖုန်းကို ဂွပ်ခနဲ
ဆောင့်ချပစ်လိုက် မိတယ်။ ပက်လက် ကုလားထိုင်မှာ ပြန်ထိုင်ပြီးတဲ့ အထိ ဘာကို
စိတ်တိုရမှန်း မသိဘူး။ အိမ်ဖော် ကောင်မလေးကို သံပရာရည် အေးအေးလေး တစ်ခွက်
လှမ်းဖျော်ခိုင်း လိုက်တယ်။ ဒီအချိန်မှာမှ ကျုပ်မိန်းမအိမ်မှာ ရှိနေရင်
သူ့ကို ဖျော်မခိုင်းရပါလား။ ကောင်မလေးကိုပဲ ခိုင်းဦးတော့ သူက
ညွှန်ကြားပေးရင် ပိုမကောင်း ပေဘူးလား ဆိုတဲ့ အတွေး ဝင်လာတယ်။
ဒီတော့မှ ကျုပ်မိန်းမ အိမ်မှာ၊ ကျုပ်နားမှာရှိမနေတာကို ဒေါပွနေတာ
ဖြစ်ကြောင်း ကိုယ့်ဟာကိုယ် သိလာတယ်။ ကျုပ် မမှားပါဘူး။ ဒီအရွယ်ကြီးမှာ
မိန်းမနား ကပ်ချွဲနေဖို့ မဟုတ်သော်လည်း အနားမှာတော့ ရှိစေချင်တာပေါ့။
ကိုယ့်မိန်းမပဲဟာ။ ကျုပ်အတွေးတွေက သားသမီး၊ သားမယားနဲ့ မြေးတွေအထိ ပြန်ပြီး
တန်းစီ စူးစမ်း ကြည့်မိတယ်။ သူတို့တွေဟာ ကျုပ်နားမှာ ရှိပြီး အဝေးဆုံးကို
ရောက်နေကြတယ်။ ဒါမှမဟုတ် ကျုပ်က သူတို့တွေကို ထွက်ပြေး ရှောင်ရှားချင်
နေတယ်။ ဥသျှစ်ကုန်းကသာ ကျုပ်နဲ့ အဝေးကြီးမှာ ရှိပြီး ကျုပ်ရင်ထဲမှာ
အမြဲအစဉ်လို ခိုဝင်လှုပ်ရှား နေကြပါလား။ မိုင်ပေါင်းများစွာ ဝေးနေခဲ့တဲ့
ဥသျှစ်ကုန်းက ကျုပ်ရင်ထဲမှာ ...။
ဟုတ်ပါတယ်။ ကျုပ်ရဲ့မိသားစုရဲ့
အတွေးထဲမှာလည်းညကျုပ်ကို ထည့်သွင်း မစဉ်းစားကြ ပါဘူးလေ။ သူတို့မှာ ကျုပ်နဲ့
ပတ်သက်တဲ့ ပြောစရာ စကားတွေ ရှိမနေတော့လို့သာ ဒီလို နေထိုင်
လှုပ်ရှားမှုမျိုးတွေကို ကျုပ်မြင်တွေ့ နေရတာပဲ မဟုတ်လား။ အမြဲတစေ
သူတို့ကိစ္စနဲ့ သူတို့ပဲ ရှိနေကြတယ်။
ကျုပ်မိန်းမကိုပဲ
ကြည့်ပေါ့။ချွေးမနဲ့ မဆက်ဆံချင်လို့ ရှောင်တယ်ပဲ ထားပါ။ ကျုပ်တစ်ယောက်တည်း
ဘယ်ပုံဘယ်နည်း ရှိရှာလေလိမ့်မယ်ရယ်လို့ သူတွေးတောခဲ့သော် ...၊ စာနာခဲ့သော်
...။ ခုလိုမျိုး ... ခုလိုမျိုး ...။
* * *
လာချင်ရင်
အနီးကလေး။ မလာချင်ရင် ခရီးဝေးသတဲ့။ ဒီစကား သိပ်ကို မှန်တယ်။ ကျုပ်အဖေနဲ့
အမေ မရှိကြတော့တဲ့နောက် ကျုပ်မိန်းမနဲ့ သားသမီးတွေ ဆိုတာကလည်း ကျုပ်ရဲ့
ဇာတိမြေလို တောကြိုအုံကြား အပျော်မဲ့တဲ့ နေရာမျိုးကို ဘယ်မှာလာ စိတ်ဝင်တစား
ရှိကြတော့မှာလဲ။ ဒီတော့ ကျုပ်ကလည်း ကျုပ်မိသားစုနဲ့ ရောပြီး ကျုပ်ဇာတိမြေ
ဖြစ်တဲ့ ဥသျှစ်ကုန်းကို ခရီးဝေးခဲ့မိတာပေါ့။ မလာဖြစ်ဘူးပေါ့။
အဲဒီခါဆီက ကျုပ်မိသားစုနဲ့ကျုပ် ပေါင်းပေါင်းစည်းစည်း ပျော်ပျော်ပါးပါး
ရှိနေခဲ့ကြတယ်လေ။ ကျုပ်တို့ လင်မယားကလည်း စီးပွားရေး ကဏ္ဍတွေမှာ
လှုပ်လှုပ်ရှားရှား၊ ကလေးတွေကလည်း အတောင်အလက် မစုံကြသေးတဲ့ ရင်ခွင်ပိုက်
အရွယ်တွေကိုး။ ခုလိုမှ ကိုယ့် အသိုက်အမြုံနဲ့ကိုယ် သီးခြား ရှိနေကြသေးတာမှ
မဟုတ်ကြတာ။ ဒီတော့ ကျုပ်ကလည်း အမေပြောခဲ့သလို ချေးကျရာ ပျော်နေတဲ့ ကြက်ကြီး
ဖြစ်နေခဲ့တာပေါ့။
အဲဒီလို ခရီးဝေးကြီး အနှစ်နှစ်ဆယ်လောက်
ခြေဦးမလှည့်ဖြစ်ဘဲ စိမ်းကားနေခဲ့မိတဲ့ မွေးရပ်မြေကို ငယ်ပေါင်းတွေနဲ့
တွေ့ချင်စိတ်စောပြီး အိုကြီးအိုမ မသန်မစွမ်းဘဘဝကျမှ လာဖြစ်လိုက်တော့လည်း
မကြာခင် ရောက်ရတော့မယ်။ လက်ပံချောင်း၊ ကညင်ပင်နဲ့ ထိန်ပင်စုကိုတော့
ဖြတ်လာပြီ။ ဥသျှစ်ကုန်းကို ရောက်တော့မယ်ဆိုတဲ့ အသိစိတ်က ကျုပ်စိတ်ကို
နုပျိုစေတယ်။ ငယ်ပေါင်းတွေရဲ့ မျက်နှာတွေကိုလည်း အစီအရီ မြင်ယောင်ပြီး
ပြုံးစိစိ ဖြစ်နေလို့ ကားမောင်း လိုက်ပို့ကြတဲ့ မြေးနှစ်ကောင်က
ကျုပ်မမြင်ဘူး အထင်နဲ့ မျက်ရိပ်ပြ လှောင်ပြောင် သရော်နေတာကို ကျုပ်က
မသိဟန်ဘဲ ဆောင်နေလိုက်ပါတယ်။ မြေးအငယ်ကောင် အသံကြောင်နဲ့ သီချင်း
အော်ဆိုနေတာကိုလည်း ကျုပ်က ဥပေက္ခာ ပြုနေပေးလိုက်တယ်။
ကားလမ်းမကြီးတွေအတိုင်း အမှတ်သညာထား မောင်းလာခဲ့ရလို့သာပေါ့။ နို့မဟုတ်ရင်
ကျန်ခဲ့တဲ့ ရွာတွေတောင်မှ မမှတ်မိလောက်အောင် ပြောင်းလဲနေကြပြီ။ ကျုပ်တို့
ဥသျှစ်ကုန်းရော။ အနှစ်နှစ်ဆယ် ဆိုတော့လည်း ပြောင်းလဲပြီပေါ့။
ဥသျှစ်ကုန်းကို ရောက်တော့ ထင်ထားတဲ့ညအတိုင်းပါပဲ။ ရွာဦးဘုန်းကြီး
ကျောင်းဝင်းကြီးကို အရောက်မှာ ကားမောင်းနေတဲ့ မြေးကြီးကို
အရပ်ခိုင်းရသေးတယ်။ ကျောင်းဝင်းနဲ့ အုတ်တံတိုင်းတွေကိုက ပြောင်းလဲနေမှကိုး။
ဟော ... ကျုပ် သူ့ကို လှမ်းမြင်လိုက်ရပြီ။ အရမ်း ဝမ်းသာသွားတာမို့
ကားတံခါးဖွင့် ဆင်းရာကပဲ လှမ်းခေါ်မိလျက်သား ဖြစ်သွားတယ်လေ။ ဝမ်းသာတာကိုး
...။
“ဟေ့ ... မိဒိုင်း ... မိဒိုင်း ...”
“အို ... ကျွန်မ မိဒိုင်း မဟုတ်ဘူး”
ဒီတော့မှ ကျုပ်စိတ်လောကြီး သွားတာကို ပြန်အမှတ်ရပြီး စကားပြင် ပြောရတယ်။
“ဦး စိတ်စောသွားလို့ပါကွယ် ညည်း ... မိဒိုင်း ... အဲ ... အဲ ... မဌေးသမီး မဟုတ်လား”
“ဟုတ်ကဲ့ ...။ ဦးက ဘယ်သူလဲ”
“ညည်းအမေနဲ့ ငယ်သူငယ်ချင်းတွေပေါ့ကွ။ ညည်းအမေရော နေကောင်းတယ် မဟုတ်လား”
“အမေဆုံးတာ လေးနှစ် ရှိသွားပြီ ဦးရဲ့”
“ဟာ ... မိဒိုင်း ဆုံးရှာမှကိုး”
ကျုပ်စိတ်ထဲမှာ သူ့သမီးလေးကို ကြည့်နေရတာ မိဒိုင်းကို ကြည့်နေရသလို ပါပဲလေ။ သူလေးကိုပဲ ဆက်မေးရတော့တာပေါ့။
“ဒါနဲ့ ထွန်းအံ့ကို သိလား”
“မသိဘူးရှင့်”
“သိန်းမောင် ဆိုတာရော”
“မသိဘူးရှင့်”
ကျုပ် စိတ်ပျက်သွားမိတယ်။ သူတို့နောက်ပေါက်တွေ မေးလို့တော့ဖြင့်
မျှော်လင့်ချက် ရှိမည်မထင်။ညသူလေး နှုတ်ဆက် ထွက်သွားတာကို ခေါင်းညိတ်ပြပြီး
ရပ်ကျန်ခဲ့ရတယ်။
“ဘိုးဘိုးကို သိတဲ့လူကော ရှိပါဦးမလားဘိုးဘိုးရာ”
“ဟေ့ ... တစ်ရွာလုံးတော့ မပြောင်းလဲနိုင်ဘူးကွ။ ကျန်တဲ့လူတွေ
ကျန်ကြဦးမှာ။ လာပြီးမှတော့ ငါ့သူငယ်ချင်းတွေနဲ့ တစ်ဝကြီး စကားပြောမယ်။
နီပွန်ကြီးအိမ် ဖြစ်ဖြစ်၊ ဝမ်ဒူ့အိမ် ဖြစ်ဖြစ် ရှာပြီး တစ်ရက် နှစ်ရက်
နေပြီးမှ ပြန်မှာ။ မင်းတို့ စိတ်မရှည်ရင် လှည့်ပြန်”
ကျုပ်
မြေးတွေကို စိတ်တိုတိုနဲ့ အော်လိုက်ရပေမယ့် ကျုပ်စိတ်ထဲမှာလည်း
အားငယ်ချင်ချင်ပါလေ။ ဆံပင်တွေ တစ်ခေါင်းလုံး ဖွေးနေတဲ့ လူတစ်ယောက်
ခြေတစ်ဖက် ထော့ကျိုး ထော့ကျိုးနဲ့ ဈေးခြင်းတောင်းကလေး ဆွဲပြီး ဥသျှစ်ကုန်း
ဈေးကြီးဘက်က လာနေတယ်။ ကျုပ်သူ့ကို အားရဝမ်းသာ အော်ခေါ်လိုက်မိ ပြန်ပြီ။
“ဟေ့ကောင် လန်ကလာ ...”
သူ့ခမျာ ကျုပ်ကိုကြောင်ပြီး ရပ်ကြည့်နေရှာတယ်။ ဒီအသက်အရွယ်ကြီးနဲ့
သူ့လိုလူကို “လန်ကလာ” လို့ ခေါ်တာ ဘယ်သူ ပါလိမ့်ပေါ့။ ပြီးတော့မှ ကျုပ်ကို
မရဲတရဲနဲ့ ...
“ဟာ ... ခင် ... ခင်ဗျား ... ကိုဘုန်းလူ ...”
“ဟေ့ကောင် ... ဘာ ... ခင်ဗျားတွေ၊ ကိုဘုန်းလူတွေ လုပ်နေတာလဲ။
ငယ်ငယ်တုန်းကလို မင်းနဲ့ငါနဲ့ ပြောပြီး ငဘုန်းပဲ ခေါ်စမ်းပါ လန်ကလာကျိုး။ အဲ
... ငါပျော်သွားလို့နော် ထွန်းကျော်”
“ရပါတယ်ဗျာ ... အဲ ... ကိုဘုန်းလူရာ။ ခင်ဗျားညခြေထောက်က ဘာဖြစ်တာလဲ”
“အေး ... ငါက မင်းလို ထန်းသီးခိုးလို့ ထန်းပင်ပေါ်က ကျတာတော့ မဟုတ်ဘူးကွ။
ကားမှောက်တာ ... ကားမှောက်တာ။ ဟား ... ဟား ... ဘာဖြစ်ဖြစ်ဘမင်းနဲ့ငါ
ဘဝတူသွားပြီကွ လန်ကလာ ထွန်းကျော်”
“ခင်ဗျား အခု ဘာလာလုပ်တာလဲ”
“မင်းနဲ့ ငါပဲ ပြောပါဆို ထွန်းကျော်ရာ။ ငါ ... ငါ့မွေးရပ်မြေက
ငယ်ပေါင်းတွေဆီကို တမင် တကူးတက လာခဲ့တာပေါ့ကွ။ ဟိုကောင်တွေရော ထွန်းကျော်”
“ဘယ်ကောင်တွေလဲ”
“အားလုံးပေါ့ကွာ။ ငါ့ငယ်ပေါင်း အားလုံးပေါ့”
“နီပွန်နဲ့ ဝမ်ဒူက သေပြီ။ ထွန်းအံ့ကတော့ ထိန်ပင်စုကို ပြောင်းသွားတယ်။ ဝက်ကြီးက လေဖြတ်ပြီးညသိန်းအောင်က ဘုန်းကြီး ဝတ်နေတယ်”
“ဟာကွာ ...။ ငါ့စိတ်ကူးက ဥသျှစ်ကုန်းကို လာပြီး ငါ့ငယ်ပေါင်းတွေနဲ့
စကားတစ်ဝကြီး ပြောမယ်။ ဝမ်ဒူတို့၊ နီပွန်တို့ အိမ်မှာ ညအိပ်ပြီးမှ
ပြန်မယ်လို့ စိတ်ကူးလာခဲ့တာ”
“မင်းရဲ့ အေးမြိုင်နဲ့ မိဒိုင်းလည်း ဆုံးပြီ”
“အေးမြိုင်လည်း ဆုံးပြီလား။ မိဒိုင်း ဆုံးတာတော့ စောစောက သူ့သမီးလေးနဲ့
တွေ့လို့သိပြီးပါပြီ။ ဪ ... သတင်းစာထဲမှာ ဘယ်သူတွေ သေလို့ ကြော်ငြာတာမှ
ငါမတွေ့ရပါလားကွာ”
“ကိုဘုန်းရာ ... မင်းတို့ လူတန်းစားတွေလို တို့ဆီက
လူတွေက နာရေး ကြော်ငြာမှာမှ မကြော်ငြာ နိုင်ကြတာကွ။ ကြော်ငြာတော့ကော
ဘာထူးမှာမို့လို့လဲ။ ပြောပါဦး”
ကျုပ် ထွန်းကျော်ကို ဘာမှ ပြန်မပြောညနိုင်တော့ဘူးလေ။ သူတို့ဘဝတွေက ဟုတ်ရှာသားပဲ။ညသတင်းစာထဲ မပါဘဲ တစ်နေ့ တစ်နေ့ သေနေကြသူတွေဟာ ...။
“ကိုဘုန်း ... ငါအိမ်ကို ဈေးခြင်း သွားပို့လိုက်ဦးမယ်။ ဒါနဲ့ မင်း အခု ဘယ်ကို သွားမလို့လဲ”
“ငါလား ...။ ဘယ်သွားရမှန်းတောင် မသိတော့ပါဘူးကွာ။ ဒါနဲ့ မင်း အခြေအနေကော”
“ငါ့သမီး အငယ်မနဲ့ နေပြီး သူတို့ အလုပ်သွားတော့ မြေးထိန်းပေါ့ကွာ။
ငါကိုဘုန်းကို အိမ်လည် မခေါ်တာ ခွင့်လွှတ်နော်။ ငါတို့အိမ်က ဆင်းရဲတော့
အားနာတယ်ကွ ကိုဘုန်းရ”
သူက အဲဒီလိုကြီး ဖွင့်ပြောနေတော့ ဝေးဝေးလံလံက လာခဲ့ပြီးမှ ရင်ဆိုင် တွေ့နေရတဲ့ ငယ်ပေါင်းအိမ်ကို ကျုပ်မလိုက်ဘဲ ဘယ်နေရက်တော့မှာလဲလေ။
“လန်ကလာ ... ငါ့ကို အဲဒီ စကားမျိုး မပြောစမ်းနဲ့။ လာ ... ကားပေါ်တက်။ မင်းအိမ် ငါလိုက်လည်မယ်”
“တို့အိမ်က အရင်ခြံကြီးမှာ မဟုတ်တော့ဘူးလေကွာ။ ကားနဲ့သွားလို့ မရတော့ဘူး။ ကန်ချောင်းမှာ ရောက်နေပြီ ကိုဘုန်းရ”
လိုက်မယ် ပြောပြီးမှ ကျုပ်က ထွန်းကျော်အိမ်ကို ခြေကျင်ပဲ
လိုက်ခဲ့လိုက်တယ်။ ထွန်းကျော်အိမ် ရောက်အောင် သူက ထော့နင်း၊ ကျုပ်က
ထော့ကျိုးနဲ့ လျှောက်ခဲ့ကြရတယ်။ သူ့ခမျာ မတားရက်လို့ ကျုပ်ကို
ခေါ်လာခဲ့ရကြောင်းကို သူ့အိမ်ရောက်မှ ကျုပ်ပိုသိခဲ့လို့ စိတ်မကောင်း
ဖြစ်ရုံကလွဲပြီး ဘာတတ်နိုင်တော့မှာလဲ။
ငယ်ပေါင်းတို့ ပျော်စံရာ
ဥသျှစ်ကုန်းဟာ ဟိုတုန်းကလို ကျုပ်အတွက် အပျော်တွေ ရင်မှာ ပေါက်ပွား
မလာစေတော့တာမို့ ကျုပ် ပင့်သက်ကိုသာ ရှိုက်လိုက်မိတော့တယ်။ ဟိုတုန်းက
လူတွေကို မတွေ့။ ဟိုစဉ်က မြင်ကွင်းကို မမြင်။ ပြောင်းလဲသွားလိုက်တဲ့
ဥသျှစ်ကုန်းရယ်လေ။
ကျုပ်တို့ မိသားစု နေထိုင်ခဲ့တဲ့ ခြံမြေနေရာကို
ကြည့်လိုက်ပြန်တော့ ဖျောက်ဆိတ်ပင်ကြီးလည်း မရှိတော့ဘူး။ ဟိုး ...
မိုင်ပေါင်း များစွာက မြင်မြင်ထင်ထင်ကြီး ရင်ထဲမှာ ရှိထင်နေခဲ့တဲ့
ဖျောက်ဆိတ်ပင်ကြီးနဲ့ အဖေကိုယ်တိုင် ဆောက်ခဲ့ရှာတဲ့ အိမ်ကြီး တည်ရှိရာ
ဥသျှစ်ကုန်းက ခြံမြေဆီမှာ သေသေချာချာ လာကြည့်လိုက်ပါမှ ကျုပ် ဘာတစ်ခုမှ
မမြင်ရတော့ပါလား။
မပြည့်မစုံ သိမ်သိမ်ငယ်ငယ်နဲ့ ဧည့်ခံနေရှာတဲ့
ထွန်းကျော်ကို အားနာ လာတာနဲ့ ဥသျှစ်ကုန်းရဲ့အကြောင်းတွေကို ဟိုရောက်
ဒီရောက် မေးနေမိတဲ့ စကားစကို ဖြတ်ပြီး လေဖြတ်နေရှာတဲ့
သူငယ်ချင်းဘဝက်ကြီးတို့ အိမ်ကို သတင်းမေး ထွက်လာလိုက်ရတယ်။ ထွန်းကျော်က
လမ်းပြ။
အင်း ... ဝက်ကြီး အခြေအနေကတော့ ချောင်ချောင် လည်လည်
အနေအထားပါပဲ။ သူ့သမီးလေးက နယ်မှာ ကျောင်းဆရာမ သွားလုပ်ရာက လင်ကောင်း
သားကောင်းနဲ့ ရလာသတဲ့။ ဒါပေမဲ့ ဝက်ကြီး အဖြစ်က ကြက်ကြီး လည်လိမ်ထားသလို
ပါးစပ်ကြီး ရွဲ့ပြီး စကားပီအောင် မပြောနိုင်ရှာတော့ဘူး။ ကျုပ်ကို မြင်လို့
ပြောပြတော့ မှတ်မိတယ်၊ မမှတ်မိဘူး မပြောနိုင်ပေမယ့် မျက်ရည်တွေကတော့
ပလတ်စတစ် အိတ်ကို အပ်နဲ့ ထိုးဖောက်ခံလိုက်ရ သလိုပါပဲလား။
ဥသျှစ်ကုန်းဟာ ကျုပ်ကို လှည့်စားနိုင်လွန်းလှပါလား။ ဟိုတုန်းက ခြံကျယ်ကြီး၊
ကားလမ်းဘေးမှာ နေကြတဲ့ လန်ကလာ ကျော်ထွန်းတို့ ခမျာ ခြံကျယ်ကြီးကို
ရောင်းပြီး ဟိုး ... လယ်ကွင်းစပ်၊ ကျုပ်တို့ ငယ်ငယ်က ရေကြက်တို့၊ ဘုတ်
တို့၊ ဗျိုင်းတို့ သွားပစ်ကြ ခတ်ကြတဲ့ ကန်ချောင်းလို နေရာမျိုးမှာ
ခြံကွက်ကလေးတွေ ရိုက်။ အိမ်ဆောက် နေကြရတဲ့ ဘဝမျိုး ရောက်နေပြီ။
ဝက်ကြီးတို့လို သူများခြံမှာ ကပ်အိမ်ဆောက် နေခဲ့ကြရရှာတဲ့ လူတွေက
ကားလမ်းမကြီး ဘေးမှာ အိမ်ကြီးရခိုင်နဲ့လေ။ ဟော ... ဒါပေမဲ့ ... ဟိုတုန်းက
သန်မာဝဖြိုးလွန်းလို့ ဝက်ကြီး အမည်ရခဲ့တဲ့ ခန္ဓာကြီးဟာ ခုတော့ မြင်ရက်စရာ
မရှိအောင် ကျန်းမာရေးက ချို့တဲ့နေပြီ။
ကျုပ်နဲ့ ကြုံလိုက်ရတာနဲ့
ဟေးလားဝါးလား စကားဆူညံပြီး မျက်စိနောက်အောင် မျက်နှာရူးခဲ့ကြတဲ့
နီပွန်တို့၊ ဝမ်ဒူတို့ ဆိုတာ ဘယ်ဘုံ ရောက်ကုန်ကြပြီလဲ။ မောင်လို နှမလို
ခင်တယ် ဆိုရပေမယ့် ဖိုနဲ့မ သဘာဝတရားကြောင့် မြှူသလို၊ ကလူသလို အမူပိုပို
ချစ်စရာဟန်ပန် လှုပ်ရှားမှုတွေ ဖန်တီးပြီး နေထိုင်ခဲ့ကြတဲ့ မိန်းကလေး
သူငယ်ချင်းတွေလည်း အရွယ်ရင့်လို့ ကြွေလွင့် ကုန်ကြရရှာပြီ မဟုတ်လား။
ကျုပ်ရင်ထဲ၊ နှလုံးသားထဲမှာ အသက်ခုနစ်ဆယ်ကျော် ရောက်ကာမှ ပတ်ပတ်လည်က
ကစားစရာ အရုပ်တွေကို အဝှက်ခံရတဲ့ ကလေးငယ်လို ငိုလို့ တင့်တယ်ရင်
ငိုလိုက်စမ်းချင်တယ်။ ကျုပ် ရန်ကုန်ကို ချက်ချင်းကို ပြန်ချင်လာပြီ။
ဒါပေမဲ့ ဥသျှစ်ကုန်းဟာ ကျုပ်အမေနဲ့ အဖေ ရှေ့ဆင့်နောက်ဆင့်
ခေါင်းချသွားကြတဲ့ မြေ။
ကျုပ် ... မြေးတွေနဲ့ ကျုပ်အဖေနဲ့ အမေရဲ့
အုတ်ဂူတွေ ရှိရာကို သွားကို သွားရဦးမယ်။ ကျုပ်နဲ့ စတွေ့စဉ်က
ခပ်စိမ်းစိမ်း၊ အားတုံ့အားနာ ဆက်ဆံနေတဲ့ လန်ကလာ ထွန်းကျော်က ခုမှ သွက်လက်
မြူးရွှင်လာပေမယ့် ကျုပ်က ခုမှ လေးလံထုံအ,ာလာသလိုပဲ။
ကျုပ်တို့
ဥသျှစ်ကုန်း ရွာတောင်ဖျားဆီက အဖေနဲ့ အမေတို့ အုတ်ဂူတွေရှိရာ သင်္ချိုင်းမြေကို
လာခဲ့ကြတယ်။ညငယ်ပေါင်းတွေရဲ့ ဂူနဲ့ မြေပုံတွေက ဆီးကြိုနှုတ်ဆက်
နေကြတယ်။ညလမ်းစောင်းမှာ ကားရပ်ခဲ့ပြီး သင်္ချိုင်းမြေကို စနင်းလိုက်ပြီ
ဆိုတာနဲ့ သချိုင်းစပ်မှာ ရှိနေတဲ့ ကုက်္ကိုပင်ရင်းမှာ ကျုပ်ငယ်ပေါင်းတွေ
တန်းစီပြီး ကြိုနေလိုက်ကြတာ။
ဘယ် လူကိုယ်တိုင် ဟုတ်တော့မှာလဲ။
သူတို့ ဝိညာဉ်တွေလည်း မဟုတ်ကြပါဘူး။ သူတို့တွေရဲ့ အုတ်ဂူတွေနဲ့
မြေပုံတွေကို ပြောတာပါ။ အုတ်ဂူ တတ်နိုင်သူက အုတ်ဂူ၊ အုတ်ဂူ
မတတ်နိုင်ရှာသူတွေက သစ်သား မှတ်တိုင်ကလေးတွေမှာ အသက်နဲ့ နာမည်လေးတွေ
ရေးထိုးလို့ပေါ့။
“ကိုဘုန်း ... ဟောဟို မြေပုံက ဘယ်သူလဲ။ သိလား”
“မှတ်တိုင်မှ မရှိတာ။ ဘယ်သိမှာလဲ ထွန်းကျော်ရ”
“အေးမြိုင်လေ”
“ဟာ ... အေးမြိုင်တို့က အဲဒီလောက် ဆင်းရဲရသလားကွာ။ သစ်သား မှတ်တိုင်ကလေးတောင်မှ မစိုက်နိုင်ရလောက်အောင် ...”
“မှတ်တိုင်ထားလို့ ဖျာလိပ်နဲ့ညပတ်ချခဲ့ရတာ ကိုဘုန်းရေ။ သူရတဲ့ ယောက်ျားက ဖဲသမား၊ အရက်သမားလေ။ ဒါကြောင့် ...”
“တော်ပါတော့ ထွန်းကျော်ရာ။ ငါအဖေနဲ့ အမေဂူကို ကန်တော့လိုက်ဦးမယ်။
ကျော်ကျော်နဲ့ညဇော်ဇော် ... လာကြစမ်း။ ဂူပေါ်မှာ နွယ်တက်နေတဲ့ နွယ်ပင်တွေ
ဆွဲချ။ ဟို ... ဘိစပ်ပင်တွေ ချိုးကြစမ်း”
ကျုပ်တို့ မြေးအဘိုးတစ်တွေ
အဖေနဲ့ အမေတို့ ဂူပတ်ဝန်းကျင်ကို တတ်နိုင်သမျှ ရှင်းလင်းပြီး
ကန်တော့ကြတယ်။ ကျုပ် သင်္ချိုင်း တစ်ခုလုံးက ဂူတွေ၊ မြေပုံတွေ တစ်ခုစီ
တစ်ခုစီမှာ စက္ကန့် တော်တော်ကြာအောင် အထိ လိုက်ကြည့်မိတယ်။ လန်ကလာ
ထွန်းကျော်က ကျုပ်ရှေ့ကနေ ထော့ကျိုး ထော့ကျိုးနဲ့ လျှောက်ပြီး ဒီဂူက
ဘယ်သူ့ဂူ၊ ဟိုမြေပုံက ဘယ်ဝါ့မြေပုံနဲ့ ညွှန်ပြနေတယ်။ ကျုပ်က လန်ကလာ့ နောက်က
ထော့နင်းထော့နင်း လိုက်ရင်း ကြည့်ရတာပေါ့။ ထော့ကျိုးနဲ့ ထော့နင်း
အိုမင်းမစွမ်းတွေ။ ကျုပ်ပတ်လည်မှာ ဥသျှစ်ကုန်းက ငယ်ပေါင်းတွေ
ဝိုင်းဝိုင်းလည် ရှိနေကြတယ်။
ကျုပ် ကျုပ်မြေးနှစ်ယောက်ရဲ့
မျက်နှာကို ကွက်ခနဲ လှမ်းကြည့်တော့ သူတို့ နှစ်ယောက်ရဲ့ မျက်နှာတွေပေါ်မှာ
ကျုပ်တစ်ခါမှ မမြင်ဖူးသေးတဲ့ မယုံနိုင်စရာ ခံစားမှုတွေ ကိုယ်စီနဲ့ ကျုပ်ကို
ငေးကြည့်နေတာကို တအံ့တဩ တွေ့လိုက်ရတယ်။ ကျုပ် ... သူတို့ကို အကြာကြီး
ကြည့်နေမိပြန်တယ်လေ။
ကျုပ် မျက်လုံးအိမ် အစုံက မျက်ရည်ပေါက်နဲ့ အပြိုင် ကျုပ် ပါးစပ်ပေါက်ဆီက စကားလုံးတွေ တစ်လုံးချင်း လိမ့် ထွက်လာကြတယ်။
“မြေးတို့ ... ဘိုးဘိုးသေရင် ဥသျှစ်ကုန်းမှာ သင်္ဂြိုဟ်နိုင်အောင် ကြိုးစားပေးကြပါကွယ်”
-------------------
ကာတွန်းမြင့်သိန်း
ှFaces မဂ္ဂဇင်း။
No comments:
Post a Comment