==========================
မြန်မာပြည်မှာ တောင်တန်းဒေသတွေဆီကို ခရီးသွားပြီး ပန်းချီ စကက်ခ်ျ( Sketchs
တွေနဲ့ မှတ်တမ်းတင်ပြီး စာအုပ်ထုတ်ဝေနိုင်ခဲ့တဲ့ ပန်းချီခရီးသည်ဟာ ၁၉၃၅ မှာမွေးတဲ့
မောင်ငွေထွန်း တစ်ယောက်ပဲရှိတယ်လို့ ကျွန်တော်သိတော့ ပန်းချီဆရာမောင်ငွေထွန်းရဲ့
သေဆုံးခြင်းကိုရည်စူးတဲ့ ( ၁၉၉၂ ) ဆွမ်းကျွေးဖိတ်စာကိုကျမှ မြင်ဖူးတယ်ဆိုတော့လည်း
သိတ်နောက်ကျတယ်ပေါ့၊
အဲဒီအချိန် အဲဒီကာလ ဆိုရှယ်လစ်ခေတ်မှာ ပန်းချီခရီးသည်စာအုပ်ကို အမှာရေးပေးခဲ့တဲ့
ရန်ကုန်ဘဆွေရဲ့အမှာစာကလည်း အားလုံးဖတ်ချင်နေတဲ့ စာမျိုးဖြစ်ခဲ့တယ်လို့ လည်းဆို
ကြပါတယ်၊ ကျွန်တော်တို့ သိတ်ကြိုက်တဲ့ လိုင်းရှုတ်ရှုတ်တွေနဲ့ ရေးဆွဲထားတဲ့ ဆရာကြီး
သခင်ကိုယ်တော်မှိုင်းရဲ့ ပုံတူက မောင်ငွေထွန်းဆွဲတာပါလားလို့ စသိခဲ့ပြီးမှ ပန်းချီခရီးသည်
ကိုတွေ့ တာပါ၊ မြန်မာနိုင်ငံမှာ လက်ဝဲစာလုံးလို့ ခေါ်တဲ့ လက်ရေးစောင်းစောင်းသွက်သွက်
တွေဟာ ဆရာမောင်ငွေထွန်းက စခဲ့တာပဲ၊ မြန်မာ့အလင်း၊ ဗိုလ်တထောင် စတဲ့စာလုံးတွေ
ကလည်း ဆရာမောင်ငွေထွန်းပါပဲ။
နောက်တော့ သူ့ ခေတ်ပြိုင်တွေရဲ့ ပုံတူတွေကို သူ့ရဲ့သွက်လက်တဲ့မှင်ခြစ်တွေနဲ့ နယ်ပယ်
စုံကလူတွေကို ကာယကံရှင်ကိုယ်တိုင်ပါ လက်မှတ်ထိုးပြီး မှတ်တမ်းတင်ရေးဆွဲခဲ့တာ တွေ
တွ့တော့ မေတ္တာအား ကြီးမားလွန်းလို့သာ ဒီလိုလူများစွာရဲ့ ပုံတူတွေကိုရေးဆွဲနိုင်ခဲ့တာပဲလို့
တွေးမိပါတယ်၊ မဟာစည်ဆရာတော်၊ ဦးဝိစိတ္တ၊ ကျော်အောင်စံထား၊ တောင်ပုလုဆရာတော်၊
သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ပန်းချီဆရာကြီးဦးဘကြည်၊ ဦးဘသက်၊
ဆရာဇော်ဂျီ၊ ဆရာမောင်ထင်၊ တော်ဘုရားလေးအောင်ဇေ မှသည် ဒေါ်မေရှင်၊ကိုတင်လှိုင်၊
ကိုသန်းလှိုင်ထိ နယ်ပယ်စုံလှပါတယ်။
ဆရာမောင်ငွေထွန်းဓါတ်ပုံကို တွေ့ရတော့လည်း သဘောကောင်းတဲ့ လူငယ်တစ်ဦးက
သွားတွေပေါ်အောင် ပြည့်ပြည့်ဝဝကြီးပြုံးနေတဲ့ ပုံရိပ်တွေချည်းပါပဲ၊ မြန်မာပြည်ကို
၁၉၅၅ က ပထမဆုံး ပီကင်းအော်ပရာအဖွဲ့ လာတော့ ဇာတ်ရုံနောက်က မိတ်ကပ်ပြင်နေတဲ့
နေရာမှာ Quick Sketch နဲ့ မှတ်တမ်းတင် ရေးဆွဲထားခဲ့ရာမှာမှာ တရုပ်လူမျိုးရဲ့သွင်ပြင်ကို
မိမိရရနဲ့ မြန်မာလူမျိုးက ရေးဆွဲထားတာ စတွေ့ဖူးရခြင်းပါပဲ၊ နောက်တော့လည်း ကုလားလူမျိုး၊ တရုပ်လူမျိုးသာမက တိုင်းရင်းသားများကိုလည်း ဒါ ရှမ်း၊ ဒါ ကချင်၊ ဒါ နာဂ၊ပလောင်စသည်
ဖြင့် လူမျိုးတစ်မျိုးခြင်းစီရဲ့ ကာရိုက်တာ ပေါ်လွင်အောင်ရေးဆွဲနိုင်တာတွေကို
ဆရာမောင်ငွေထွန်းဆီမှာပဲ မြင်တွေ့ခဲ့ရပါတယ်။
မြန်မာနိုင်ငံမှ နိုင်ငံတကာ အကယ်ဒမစ်ပန်းချီရေးဆွဲနည်းကို ကျွမ်းကျင်တတ်မြောက်ပြီး
ထိုအကယ်ဒမစ်ရေးနည်းဖြင့် မြန်မာတို့၏ရိုးရာဟန်ကို ပေါင်းစပ်ကာ မြန်မာ့ပန်းချီဟု
ကိုယ်ပိုင်လိုင်း ဟန်ရရှိပြီး ကမ္ဘာကအသိအမှတ်ပြုနိုင်ခဲ့တာက ပန်းချီဆရာကြီး
ဦးဘကြည်ပါတဲ့။
ဦးဘကြည်ပြီးတဲ့နောက်မှာ ဦးဘကြည်နဲ့မတူပဲ ကိုယ်ပိုင်လိုင်း ဟန်ဖြင့် မြန်မာ့ပန်းချီလို့
ခေတ်ကမ္ဘာက အသိအမှတ်ပြုနိုင်တဲ့ နောက်တစ်ယောက်က ပန်းချီမောင်ငွေထွန်းပါတဲ့။
အဲဒီမောင်ငွေထွန်းက ဒီနိုင်ငံမှာ အခုထိသူတစ်ယောက်ထဲပဲ လုပ်နိုင်ခဲ့သေးတဲ့
ပန်းချီခရီးသည် ဆိုတဲ့စာအုပ်လေး ချန်ထားခဲ့နိုင်ပါတယ်။
ထိုအကယ်ဒမစ်ရေးနည်းဖြင့် မြန်မာတို့၏ရိုးရာဟန်ကို ပေါင်းစပ်ကာ မြန်မာ့ပန်းချီဟု
ကိုယ်ပိုင်လိုင်း ဟန်ရရှိပြီး ကမ္ဘာကအသိအမှတ်ပြုနိုင်ခဲ့တာက ပန်းချီဆရာကြီး
ဦးဘကြည်ပါတဲ့။
ဦးဘကြည်ပြီးတဲ့နောက်မှာ ဦးဘကြည်နဲ့မတူပဲ ကိုယ်ပိုင်လိုင်း ဟန်ဖြင့် မြန်မာ့ပန်းချီလို့
ခေတ်ကမ္ဘာက အသိအမှတ်ပြုနိုင်တဲ့ နောက်တစ်ယောက်က ပန်းချီမောင်ငွေထွန်းပါတဲ့။
အဲဒီမောင်ငွေထွန်းက ဒီနိုင်ငံမှာ အခုထိသူတစ်ယောက်ထဲပဲ လုပ်နိုင်ခဲ့သေးတဲ့
ပန်းချီခရီးသည် ဆိုတဲ့စာအုပ်လေး ချန်ထားခဲ့နိုင်ပါတယ်။
No comments:
Post a Comment