Monday, 18 July 2016

စက္ကူစွန်

စက္ကူစွန် - မောင်စိန်ဝင်း(ပုတီးကုန်း)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ရင်ထဲမှာလေ
နွေလေးများစွာ သိမ်းထားပါတယ် ...
မျက်ဝန်းစုံထဲ
ပုလဲများစွာ စုထားပါတယ် ...
ငိုတတ်သောငှက်
အိပ်မက်ထဲမှာ အလည်လာတယ်...။

ဝေးကြပြီပေါ့ ...
မေ့လျော့ခြင်းများ ၊ ပေးသနားပါ
ပိုးစား ၊ ဖုန်ကပ် ၊ သူ့ဓာတ်ပုံများ
စာအုပ်ကြားက ၊ ပြားချပ်သွေ့ရော်
ကံ့ကော်ခြောက်များ ၊ ဖျောက်ဖျက်ပါ၏
ခြေရာရှိက ၊ သတိရမှာ
စိုးမိပါသည်...။
တကယ်တော့ ခင် ..
ရင်ထဲ အရိပ် ၊ စိတ်ထဲတွယ်ငြိ
ဘယ်သူသိမလဲ ...
ချစ်မိသည့်ဝန် ၊ သောကနွံ္ပ၌
နှစ်ကျွံလည်စင်း ၊ ခွဲခွါခြင်းမှာ
ဝေဒနာဆိုး ၊ ကြိုးတန်းလန်းငင်
အမျှင်ရယ် မပြတ်...။ ။
မောင်စိန်ဝင်း(ပုတီးကုန်း)

No comments:

Post a Comment