Monday, 18 July 2016

သမီးလေးကို ပြောတဲ့ ပုံပြင်

သမီးလေးကို ပြောတဲ့ ပုံပြင် သက်ထွန်း(ဆေးသိပ္ပံ)
=======================================
လူမှု အဖွဲ့စည်းရဲ့ ယူနစ်ဖြစ်တဲ့ Family မိသားစုအတွင်းမှာ ကလေးငယ်ဆိုတာ ရှိကြစမြဲပါ။ အခုမရှိတောင် တစ်ချိန်ကတော့ ရှိခဲ့ကြမှာပါ။ ကြီးလာတော့ အပျိုပေါက်
ိ လူပျိုပေါက် သို့မဟုတ် လူကြီးများဖြစ်သွားကြလို့ မဟုတ်ပါလော။ ယခု အပျို လူပျိုအရွယ်နှင့် လူကြီးတွေ
အားလုံး မိမိတို၏ ငယ်စဉ် ဘ၀ကို ပြန်စဉ်းစား ကြည့်စေ
ချင်ပါသည်။ကလေးတွေကို ဘယ်လို ပြုစု ပျိုးထောင်ကြ
မလဲဆိုသည်ကို ကလေးစိတ်ပညာရှင် အဆင့် မဟုတ်တောင် ရွတ်ကြမ်းရေကျို သာမန်ဗဟုသုတ လောက်တော့ ရှိသင့်သည်ဟု ကျွန်တော်ထင်ပါသည်။
××××××××××××
ပထမဆုံး ကျွန်တော့်ရဲ့ ပင်ရင်းမိသားစု အကြောင်းက
စပြောပါရစေ။
ကျွန်တော်တို့ မိသားစုမှာ ကျွန်တော့အပါဝင် မောင်နှမ
(၄)ယောက်ရှိသည်။ ကျွန်တော်က တတိယ နို့ညှာကောင်။ ကျွန်တော့်အမေက ကျောင်းဆရာမ၊ ညအိပ်ရာ
ဝင်တိုင်း ပုံပြောတတ်ပါသည်။ ကျွန်တော်ထင်ပါသည်၊
မိသားစုတိုင်းတွင် ကလေးတိုင်းလိုလိုသည် ကြက်ကလေး အီးပေါက်လိုက်၍ ကြောင်ကြီးထွက်ပြေးသွားသော
ပုံပြင်ကို ကြားဖူးရမည်၊အကြိုက်ဆုံး ဖြစ်ပေမည်။
စာဖတ်တတ်လာတော့ အဖေက ကာတွန်းစာအုပ်များကို ဒိုင်ခံဝယ်ပေးသည်။ စာမဖတ်တတ်သေးသူကို
ဖတ်တတ်သူအကြီးများက ဖတ်ပြနှင့် တစ်စ တစ်စနှင့်
စာဖတ်ဝါသနာပါ လာကြ၏။ မှားတဲ့အခါလည်း မှားပေမပေါ့၊ စိတ်ကူးယဉ်သွားလို့ပါ ဖေဖေ စသည်တို့ကို ယခုထိ မှတ်မိနေ၏ဒါပေမယ့် တစ်ခါတရံ ကလေးနားမလည်တဲ့ အသုံးနှုန်းများ ပါလာလျှင် အမေက
ရှင်းပြရ၏။(ယနေ့ ကာတွန်း အများအပြားတွင် ကလေးများ မဆိုထားဘိ၊ တော်ရုံတန်ရုံ လူကြီးများပင်
နားမလည်နိုင်သည်တို့အများအပြား ပါနေတတ်သည်ကို
ကာတွန်းဆရာများ သတိပြုစေလိုပါသည်။(ဤကား စေတနာ စကားဖြစ်ပါသည်။)
ကာတွန်းပြီးတော့ ပုံပြင်ပေါ့။ ကျွန်တော့်အဖို့ ကံကောင်းသွားသည်မှာ ကျွန်တော်တို့အိမ် အပေါ်ထပ်တွင်
စာရေးဆရာ၊ ဓာတ်ပုံဝိဇ္ဇာဦးခင်လေးမောင် နေ၏
ထို့ကြောင့် သူ့ထံမှ လူထုဦးလှ၏ တိုင်းရင်းသား ပုံပြင်
အားလုံးကို ဖတ်ဖူး၏၊မဂ္ဂဇင်းများလည်း ဖတ်ရ၏။
ဝတ္တု တိုများကို မဂ္ဂဇင်း များတွင် စဖတ်ရာမှ ပထမဆုံး
ကျွန်တော် ဒုတိယတန်းတွင် စဖတ်ခဲ့သော လုံးချင်းဝတ္တု
ကြီးမှာ နံမည်ကျော် ကောလိပ်ကျောင်းသား"ဇ၀န"ဖြစ်၏။ဒုတိယတန်း ကလေးမှာ အဘယ်မှာ လုံးစေ့ပတ်စေ့
နားလည်မည်နည်း။
ဒါမေမယ့် နားလည်တာတွေ တော်တော်များများပါ၍
တခိခိရယ်ကာ သဘောကျမဆုံး။ ယနေ့ ပိုစ့်မော်ဒန်ဟု
ခေါ်နေသော ၀တ္တများ ထိုစဉ်က မပေါ်သေးတာ ကျွန်တော့်အဖို့ လွန်စွာ ကံကောင်းသွားခဲ့သည်။ဒုတိယ မြောက် လုံးချင်းကြီးကလည်း ထူပေ့ ရှည်ပေ့ ဆိုသည့်
"ရူပနန္ဒီနှင့် ရူပကလျာနီ"ပေါင်းချုပ်ဖြစ်သည်။
ထိုမှစ၍ စာကို စွဲသွားလိုက်သည်မှာ ထမင်းစားလည်းစာ
အိမ်သာတတ်လည်းစာ၊လူမျက်နှာနှင့် စာမျက်နှာကို ဘယ်တော့မှ မခွာခဲ့။အိပ်ချိန်နှင့်ရေချိုးချိန်ကျမှပဲ ခွာတော့သည်။ဒါလည်းမခွာမဖြစ်၍ စာအုပ်ရေစိုမှာ စိုး၍သာ။
တဖန် အချိန်တန်လာတော့ အဖေက လွယ်ကူသော
အင်္ဂလိပ်ကာတွန်းများ ပုံပြင်စာအုပ်များကို ၀ယ်ပေး
သည်။နိုင်ငံခြား သံရုံးတစ်ခုမှ ဖွင့်သော စာုကည့်တိုက်မှ
တန်ရာတန်ရာစာအုပ်များ ငှါးပေး၏။ ထိုအခါ အင်္ဂလိပ်
ဝတ္တု အချို့ကို မူရင်းအတိုင်းဖတ်ရတာ အရသာတစ်မျိုး
ဘာသာပြန် ဖတ်ရတာတစ်မျိုး၊မှီငြမ်းထားသည်ကို ဖတ်ရတာတစ်မျိုးနှင့် အရသာအမျိုးမျိုးခံစားတတ်လာ၏။
ကလေးစိတ်ပညာ စာအုပ်တစ်အုပ်ထဲတွင် ကျွန်တော်ဖတ်ဖူးသည်။ကလေးများကို သုံးလေးနှစ်အရွယ်မှ စတင်ကာ စာဖတ်ပြပါ၊ကလေးနားမလည်နိုင်သောစကားများပါ၍ မဖတ်ပြဘဲမနေပါနှင့် ဟူ၍ဖြစ်၏။သုံးနှစ်မှ ခြောက်နှစ်အတွင်းတွင် ကလေးများ၏ ဦးနှောက်နှင့်အသိဥာဏ်
အဖွံ့ဖြိုးဆုံးအချိန်ဖြစ်၍ ကလေးများအတွက် လွန်စွာ
ဝေါဟာရ ကြွယ်ဝစေပါသည်။တစ်ချို့ကလေးများ အရွယ်နှင့်မလိုက်အောင် စကားကြီး စကားကျယ်များ
ပြောတတ်ခြင်းသည် ဤသဘော ဖြစ်၏။
ထို့ကြောင့် ကလေးကို စာဖတ်ပြရန် အချိန်မရှိဆိုပြီး
မန်ယူနှင့်ချက်စီး ဘောလုံးပွဲကိုတော့ တီဗီရှေ့တွင် နှစ်
နာရီထိုင်ကြည့်နေတတ်သည့် အဖေမျိုးကိုတော့
"လက်ဦးဆရာ မည်ထိုက်စွာ"စာရင်းထဲတွင် ကျွန်တော်
မသွင်းလို။
ကျွန်တော့ညီမ၏ ကိုယ်ပိုင်မိသားစု...။
သမီးအကြီးနှင့်သားအငယ် နှစ်ယောက်တည်းသာ။
သူတို့အမေက မြန်မာ့ရုပ်သံတွင်လုပ်သည်။ သူတို့
အဖေကတော့ တာဝန်အရ အချိန်များစွာ ရှေ့တန်းတစ်နေရာမှာ ရောက်နေသူမို့ စာဖတ်ချိန် သိပ်မရှိ။ တောင်ပေါ်သားကလေးတစ်ဦးမို့လည်း ငယ်စဉ်ကတည်းက
စာဖတ်သိပ်ဝါသနာမပါ။ ထို့ကြောင့် ကလေးများ ပညာရေးနှင့် အသိဥာဏ် ဖွံဖြိုးရေးကို သူတို့အမေ ကျွန်တော့်
ညီမက တာဝန်ယူရသည်၏ ။သူတို့အမေက သူတို့အ
ဘွား အငြိမ်းစား မြန်မာဆရာမကြီး၏ လမ်းစဉ်အတိုင်း
ပုံသွင်းယူ၏။
ကျွန်တော့်တူမသည် ကျွန်တော် အနှစ်(၄၀)လုံးလုံး
စုဆောင်း ထားခဲ့သော စာအုပ်များကို အချိန်အားရတိုင်း
ယူယူဖတ်၏။ ကျွန်တော်ကလည်း ကြုံလျှင်ကြုံသလို
ပို့ပေးသည်။ သူ ငါးတန်းတွင် စစ်နှင့်ငြိမ်းချမ်းရေး၊လေရူး
သုန်သုန်၊ ရင်နင့်အောင်မွှေး၊အရှေ့ကနေ၀န်းထွက်သည့်ပမာ တို့ကို ဖတ်ပြီးနေပြီဖြစ်၏။တလောက သူ့အမေကို "ကာရာမာဇော့ညီအစ်ကိုများ"စာအုပ်ဝယ်ပေးရန်
ပူဆာသံ ကြားလိုက်ရသည်။
စာရေးလည်းကောင်းသည်။မြို့နယ်၊တိုင်း စာစီစာကုံး
ပြိုင်ပွဲများတွင် အမြဲ ဆုတစ်ခုခုတော့ချိတ်သည်။ယူနက်
(စ်.)ကို ပေးစာပြိုင်ပွဲတွင် တတိယရ၏။ အခုအင်္ဂလိပ်စာ
မပါ ဂုဏ်ထူးငါးခုနှင့်ဆယ်တန်းအောင်သွားပေပြီ။သူ့
မြန်မာစာ အမှတ်က(၇၉)မှတ်၊သူ့နှစ်တွင် မြန်မာစာ
အမှတ်များဆုံးက(၈၁)မှတ် ဖြစ်သည်။
အငယ်ကောင်က စာဖတ်ပိုမြန်သည်။သွက်သည်။
လျင်သော၊ ရွှင်သော၊ ပျော်တော်ဆက်ကလေး မောင်
ဥာဏ်ထက်၊စကားတောင်စား အငယ်စားလေးသာတည့်
တစ်နေ့တွင် သူတို့မိသားစုအားလုံး စုံစုံညီညီအခိုက်တွင်
သားတော်မောင်ဥာဏ်ကျယ်လေးက သူ့အဖေကို မေး
လိုက်ပုံက.....
"အဖေ ဇုနတ်မင်းကြီးဆို သိလား"
"ဟင့်အင်း....ဘယ်ကဇုနတ်မင်းကြီးလဲ"
"အဲဒါ ဟာကျူလီရဲ့အဖေ"
ထိုစဉ် ကျွန်တော်လည်း ရှိနေသည်မို့ ကျွန်တော့်မှာ
ရယ်မဆုံး၊သဘောကျမဆုံး။သူ့အဖေကတော့ ပါးစပ်
အဟောင်းသားနှင့်၊ သူ့သား ဘာပြောလိုက်မှန်းပင် သိ
ပုံမရ။
ကျွန်တော်တို့ငယ်ငယ်က ဟာကျူလီ၊အာချီးလိ(ခ်)၊
ယူလီးဆိ၊လူသန်ကြီး ဆမ်မဆန်နှင့်ဒီလိုင်းလား၊ဆော်လမွန်ဘုရင်၊ဒေးဗစ်နှင့်ဂိုလိုင်းယက်၊ကလီယိုပါထရာ၊
ထရိုင်စစ်ပွဲ၊ဟယ်လင်မင်းသမီး၊ထရိုဂျန်မြင်း၊ဂျင်ဂျစ်ခန်
စသည်တို့မှာ လံုးဝမဆန်း။နားရည်ဝနေ၏။
ထိုအကြောင်း ရုပ်ရှင်တွေလည်း ခဏခဏကြည့်ရ၏။
စာအုပ်တွေလည်းဖတ်ရ၏။
အခု ဒါတွေ အလွန်ရှားပါးကုန်ပေပြီ။ဗန်ဒိန်းခေတ်၊
ရမ်ဘိုခေတ်၊ပါဝါရိန်းဂျားခေတ်။စာတွေထဲတွင်လည်း
ဗန်ဂိုးနားရွက်၊အာလူးစားသူများနှင့်Living together
တွေသာ များနေ၏။
တလောကပဲ အိမ်နားက ကျောင်းသားတစ်ယောက်ကArchillie's Heelဆိုတာ ဘာလဲဟု လာမေးသည်။
လူတစ်ယောက်ရဲ့ ပျော့ကွက်ဟု ကျွန်တော်က ပြော
သောအခါ Archillieဆိုသူက ဖနောင့်ပြတ်နေလို့လား
တဲ့။
သေလိုက်ပါတော့.....။
သူတို့လို ကလေးများအတွက် ကျွန်တော် တော်တော်ရင်
လေးသွားရ၏။မကြာမီ သူတို့ကို ကျွန်တော်တို့က နေရာ
ဖယ်ပေးရတော့မည်။သူတို့တော်မှသာ ကျွန်တော်တို့
စိတ်ချမ်းသာ လက်ချမ်းသာ ကောင်းစွာ အိုမင်းမစွမ်း
နိုင်ရမည်ဖြစ်သည်။
အာလူးစားတာ ရပ်လိုက်ကြပါတော့။ဗင်ဂိုး နားရွက်ကို
လည်း ဒီအတိုင်းပဲ ထားလိုက်ကြပါ ခင်ဗျာ။
အာလူးစားတာ ရပ်လိုက်ကြပါတော့။ ဗင်ဂိုးနားရွက်ကို
လည်း ဒီအတိုင်းပဲ ထားလိုက်ကြပါ ခင်ဗျာ။
××××××
ကျွန်တော့် ကိုယ်ပိုင်မသားစု......။
ကျွန်တော့် တစ်ဦးတည်းသော သမီးလေးက အလွန်ဥာဏ်ထက်ပါသည်။ကျွန်တော့်ထက် များစွာသာပါသည်
ကျွန်တော်သည် အစိုးရ၀န်ထမ်း အလုပ်တစ်ဖက်၊ကိုယ်ပိုင်ဆေးခန်း တစ်ဖက်၊စာရေးသည့်အလုပ်တစ်ဖက်နှင့် တော်တော်အလုပ်များပါသည်။ဒီကြားထဲ စာမဖတ်ရလျှင်လည်း မနေနိုင်ပါ။အချိန်ဆင်းရဲလွန်းသ
ဖြင့်ဆိုသော စကားအတိုင်းပင် ကျွန်တော်မှာ အချိန်
နည်းလွန်းလှသည့်ကြားက အချိန်လု၍ သမီးကို ပုံပြောပြပါသည်။ တစ်ခါတလေ ကာတွန်းဖတ်ပြပါသည်။
ကျွန်တော် ဘယ်တော့မှ တီဗီ၊ ဗီဒီယို မကြည့်ပါ။
ကျွန်တော် အလွန့်အလွန် မအားလျှင် ကျွန်တော့်ကိုယ်စား မိန်းမက သမီးကို စာဖတ်ပြသည်။ ကျွန်တော့်သမီးက သုံးနှစ်ခွဲပင် ရှိသေး၏ သို့သော် ဆဒမ်ဟူစိန်၊
ဘင်လာဒင်၊ဂျော့ဘုရှ်၊ကိုဖီအာနန်၊၉ရ၉၈၆း
အကုန်သိ၏။ပုံပြောအလှည့်တွင်လည်း သူ့အမေပြောသော ပုံများထက် ကျွန်တော်ထွင်ပြောသော ပုံများကို
ပိုကြိုကိုက်၏။ သူ့အမေက သားမားရိုးကျရွှေယုန်နှင့်
ရွှေကျား သက်ကယ်ရိတ်သွား၊ပိုနေမြဲ ကျားနေမြဲ ပုံပြင်
တို့ကိုသာ ပြောတတ်၏။ကျွန်တော်ကတော့ သူ့အတွက်
သီးသန်(ကိုယ်ကလည်း စာရေးနေသူမို့)ပုံပြင်သစ်များ
ထွင်ပြော၏။
တစ်နေ့ တာဝန်အရ ရန်ုကုန်ရုံးချုပ်သို့ ကျွန်တော်ဆင်း
ကျွန်တော်ပြန်လာတော5့ရက်ခန့်ကြာခဲ့ရသည်။မိုးတစ်ရက်ရွာသည်ဟုဆို၏။၏။မိုးကုန်ပြီမို့ ထီးမယူသွား။
သူတို့ဆီမှာတော့ မိုးတစ်ရက်ရွာသည်ဆို၏။ကျွန်တော်
ပြန်လာတော့ မိန်းမ ကဆီးတိုင်သည်။"ရှင့်သမီးက တော်တော် လူပါးဝတယ်"
"ငါမရှိတုန်း မင်းတို့သားအမိ ရန်ဖြစ်ကြတယ်ပေါ့"
"ဟုတ်တယ်၊တော် စဉ်းစားကြည့် ဒီမှာမိုးရွာတော့
တော့်သမီးက မေမေ ဖေဖေကြီးအတွက် ထီးထည့်ပေး
လိုက်လားတဲ့။ကျွန်မက မထည့်ပေးလိုက်ဘူး သမီးရယ်
ဆိုတော့ မေမေတော်တော်ဆိုးတာပဲတဲ့၊ဖေဖေမိုးရေစို
တော့ ဖျားလိမ့်မယ်တဲ့၊ဒါ ကလေးပြောတဲ့စကားလား။"
ကျွန်တော်က ရယ်နေလိုက်ြပီး ရန်ကုန်မှ ၀ယ်လာသော
ဒံပေါက် ထုပ်ကို လှမ်းပေးလိုက်၏။ရထားက ရန်ုကန်မှ
၁နာရီခန့်တွင်ထွက်ပြီး ကျွန်တော်တို့မြို့သို့ ၅နာရီ ဆိုက်
လေ့ရှိသဖြင့် ဘူတာဆင်းခါနီးမှဝယ်လျင် အတော်ပဥစ့စညဲ
ဖြစ်သည်။ကျွန်မက ရှင်ဒံပေါက်ဝယ်လာမှာ သိလို့ ထမင်းကို လျှော့ချက်ထားတယ်၊ရှင့်သမီးက ဆာလှချည်ရဲ့ဆိုလို့ ရှိတာနဲ့ကျွေးတော့ ဖေဖေအတွက် ထမင်းလောက်ရဲ့လားတဲ့၊ကျွန်မလည်း အမြင်ကပ်တာနဲ့ ကုန်ပြီလို့ ပြောလိုက်တာကို ရှိုက်ကြီးတငင်ငိုသ
တော့၊သူမစားတော့ဘူး၊ဖေဖေကြီးအတွက်ထား လိုက်တဲ့။မနည်းပြန်ချော့ထားရတယ်။ရထားဝင်ချိန်နီး
နေပြီ
ဖေဖေ့အတွက် ကော်ဖီဖျော်ထားတော့လေတဲ့၊ရိုက်ချင်
လိုက်တာလေ၊လက်ကိုယားနေတာပဲ၊ဒီလောက်အဖေချစ်တဲ့သမီး သွား...ကိုယ့်အဖေနဲ့ကိုယ်သွားအိပ်"
သမီးက သူ့အမေကို လုံးဝ အရေးမလုပ်တော့ပါ။
ကျွန်တော့်အတွက် အကျီင်္ီယူပေး၊ပုဆိုးယူပေး လုပ်သည်။ညအိပ်တော့လည်း သူ့အမေဖက် လုံးဝမလှည့်၊ ကျွန်
တော့်ကိုသာဖက်ထား၏။
"ဖေဖေပုံပပြောပြတာ ငါးရက်တောင် ကြာလှပြီနော်။"
" အခု ဘာပုံပြောပြရမလဲ"
"ဟာကျူလီ အကြောင်းပြော၊ တပင်ရွှေထီး နားဖောက်တဲ့အကြောင်းပါပြောနော်။"
ကျွန်တော် သိလိုက်ပါပြီ၊သူ့ကို ပြောပြထားဖူး
သော ပုံပြင်များထဲက ဇာတ်ကောင်များကိုထုတ်ကာ
လံကြုပ် ပုံတစ်ပုံ ထွင်ရပေတော့မည်။အဲဒါက ၀တ္တု
တစ်ပုဒ် ရေးရသည်ထက်ပင် ခက်သေး၏။
"ဟိုးရှေးရှေးတုန်းကတဲ့.....အိုလံပ်(စ်)တောင်မှာဇုနတ်
မင်းကြီးရှိတယ်တဲ့၊သူ့သားလေးနံမည်ကဟာကျူလီတဲ့"
"ဟာကျူလီက အိပုစုသူငယ်ချင်းနော်"
"အေးပါ.....နောက်ပြီးတော့ အိပုစုဆိုတဲ့ ကောင်မလေး
တစ်ယောက်လည်း ရှိတယ်တဲ့၊သူ့မှာတဲ့ သူငယ်ချင်း
တွေ အများကြီးရှိပြီး သူ့အဖေကြီးနံမည်က သက်ထွန်း
(ဆေးသိပ္ပံ္ပ )တဲ့၊ဟာကျူလီရဲ့ အမေနံမည်ကရော
ဘယ်သူတဲ့လဲ ဖေဖေ"
အကုသိုလ် အပြားလိုက် ကပ်သလို ပြသနာ ထောင်
လိုက်တက်ချေပြီ။ကျွန်တော် မသိ။ဖေဖေမသိဘူးဟု
အမှန်တိုင်းဖြေလျှင်လဲ သူ့အဖေကို မဟော်သဓာ
လောက် ထင်နေသော သမီးက ဖေဖေ ကလည်း
စာတွေအများကြီး ဖတ်ပြီး စာရေးဆရာဆို ဟု နှုတ်ခမ်း
စူပေဦးမည်။အမှားကြီးလည်း ကလေးအား မဖြေချင်။
ထို့ကြောင့် "ဖေဖေ ရေသွားသောက်လိုက်ဦးမယ်ဟု
ဆိုကာ စာဖတ်ခန်းထဲဝင်အမြန်ဝင်၍ မြန်မာ စွယ်စုံ
ကျမ်းကို ကမန်းကတန်း လှန်ရှာရပါသည်။
တော်သေးရဲ့.....
"အက်တမီးနီးတဲ့ သမီးရဲ့"
" အိပုစု သူငယ်ချင်းတွေကရော"
"ဗန်ဒိန်းရယ်၊အာချီးလိ(စ်)ရယ်၊ဒေးဗစ်ရယ်၊ဟယ်လင်
မင်းသမီးလေးရယ်၊တပင်ရွှေထီးရယ်၊ဘုရင့်နောင်ရယ်
နောက် အများကြီးရှိသေးတယ် သမီးရဲ့၊သူတို့တွေက
သိပ်သတ္တိရှိတာ၊သိပ်အားသန်တာတဲ့"
အက်တမီးနီးက အသက်ဘယ်လောက်ရှိပြီလဲ။
မြတ်စွာဘုရား.....အဲဒါက စွယ်စုံကျမ်းထဲမှာမပါ
ဒါပေမယ့် ဒီတစ်ခုတော့ ရမ်းဖြီးလိုက်၏။
"ဟာကျူလီက သမီးရဲ့သူငယ်ချင်းဆိုတော့ သူ့အ
မေကလည်း မေမေကြီးလောက် ရှိမှာပေါ့။
အေးကွယ်....ကောင်းကောင်းနားထောင်၊သိချင်ရင်နောက်မှမေး၊ အဲဒါနဲ့တဲ့ တစ်နေ့တောတဲ့ တပင်ရွှေထီးက
သူနဲ့ရန်ဖြစ်ထားတဲ့ ကောင်လေးရဲ့ခြံထဲမှာ သွားနားဖောက်ချင်တော့ သူငယ်ချင်းတွေအားလုံးကို ခေါ်သွား
တယ်တဲ့"
"ဗိုကျွဲကြီးအော်တာ ကျန်သေးတယ်လေ"
ဤပုံပြင်မှာ သူ ဖန်တစ်ရာကြေအောင် ကျွန်တော်
ပြောပြီးသားဖြစ်၍ အတိုချုံ အခန်းစဉ် ကျော်ပြောလျှင်
သူက ချက်ခြင်းသိ၏။ပထမပြောတာနှင့်ဒုတိယပြောတာ
ချင်း လုံးဝတူမှ သူလက်ခံ၏။
ပထမပြောစဉ်က တပင်ရွှေထီး နားထွင်းမင်္ဂလာ
အတွက် လက်ထိပ်ကို အပ်စိုက်ပြီး သူရဲကောင်းရွေး
သည့်အကြောင်း ကျွန်တော်ပြောခဲ့ဘူးသည်။ထိုစဉ်က
အရွေးမခံရ ကိုယ့်ဗိုက်ကိုယ် ဓားနှင့်ခွဲပြသော ဗလရဲထင်၏နေရာတွင် သမီးသိသောလူတစ်ယောက်
နံမည်နှင့် အစားထိုးခဲ့သည်။ ထိုသူက ကျွန်တော့်ဝန်ထမ်း တစ်ဦး၊ရူးရူးပေါပေါနိုင်သော ဗိုလ်ကျွဲ ဆိုသူဖြစ်၏။
ဒါကို သမီးက မမေ့...။
" အေးပါကွယ် သမီးကလည်း သိပြီးသား ဥစ္စာ၊
ဖေဖေကြီးက အိပ်ချင်လို့၊တပင်ရွှေထီးကိုတဲ့ အိပုစု ရဲ့
အဖေက နားဖောက်ပေးတယ်တဲ့။နားဖောက်နေတုန်း
တပင်ရွှေထီးနဲ့ ရန်ဖြစ်ထားတဲ့ ရာဇဓိရာဇ်ရယ်၊လူဆိုးကြီး ဂိုလိုင်းယက်ရယ် သူတို့တပည့်တွေရယ်က
လာရန်စတယ်တဲ့။ဒေးဗစ်က လေးခွ နဲ့ပစ်လိုက်တာ
ဂိုလိုင်းယက်ကြီး သေရောတဲ့။ဒါပေမယ့် ရာဇာဓိရာဇ်က
လည်း သတ္တိရှိတော့ ဟာကျူလီတို့ အာချီးလိ(စ)တို့ပါ
အကုန်လုံး ရှုံးရောတဲ့။ အိပုစုကတော့ သူ့အဖေကြီးကို
ဂွမ်းတွေ၊အရက်ပျံတွေ ပလာစတာတွေယူပေးနေရလို့
ရန်ဖြစ်တဲ့အထဲမှာ မပါရဘူးတဲ့။
တပင်ရွှေထီးက သူငယ်ချင်းတွေ ရှုံးကုန်တော့ စိတ်ဆိုးပြီး သူကိုယ်တိုင် သွားချမယ်လုပ်တော့ အိပုစုက
ပြောတယ်တဲ့၊နင့်နားဖောက်ထားတာ သွေးတွေထွက်
လိမ့်မယ်၊မသွားနဲ့ဆိုပြီးတော့တဲ့ အိပုစုက သူကိုယ်တိုင်
ရာဇဓိရာဇ်ကို သွားထိုးတော့ အိပုစုကိုကြောက်တာနဲ့
ရာဇဓိရာဇ်က ထွက်ပြေးရောတဲ့၊အဲဒါနဲ့ ပြီးရောတဲ့။
"ဖေဖေ ဆေးဖိုးတောင်းတဲ့အကြောင်း ကျန်သေးတယ်
လေ။"
အေး..အေး...တပင်ရွှေထီးက မေ့ချင်ယောင်ဆောင်ပြီး
ဖေဖေ့ကို ဆေးဖိုးမပေးဘူးတဲ့၊အဲဒီတော့ အိပုစုက
ဟေ့...တပင်ရွှေထီး ဆေးဖိုးပေး၊ဆေးဖိုးအကြွေးကျန်ရင်
ငါ့အမေက သိပ်စိတ်ဆိုးတာလို့ ပြောတော့မှ
တပင်ရွှေထီးက အေး...အေး...ငါမေ့သွားလို့ပါဟယ်
ဆိုပြီး ပိုက်ဆံပေးတယ်တဲ့။အဲ့ဒီပိုက်ဆံကို သူ့အမေက
ဈေးဖိုးလုပ်ဖို့ ယူသွားတော့တဲ့ အိပုစုက မုန်းမစားရတော့ဘူးတဲ့။အိပုစုငိုတော့တဲ့ သူ့အမေက ကွေကာအုပ်
ဝယ်တိုက်တယ်တဲ့။
ကျွန်တော် ထိုသို့ ပုံပြင်ကို အဆုံးသတ်လိုက်သောအခါ အိပ်ချင်ယောင်ဆောင်ကာခိုးနားထောင်နေ
သော သူ့အမေက မနေနိုင်တော့ပဲ ထရယ်ပါတော့သည်။ ထို့နောက် သမီးက ...............
"ဖေဖေ.....ဖေဖေ......"
"ဘာလဲ.. .....သမီး
အိပုစု တစ်ခုမေး ချင်လို့"
ကျွန်တော်က နားအေး အောင် မေး.. သမီးဟု ပြော
လိုက်၏ သူတကယ်မေးတော့ ကျွန်တော် တကယ်
ဒုက္ခရောက်တော့သည်။ဒီတစ်ခါတော့ စွယ်စုံကျမ်း လဲ
ကယ်နိုင်မည်မထင်တော့ပါ။
စာရေးဆရာ သိပ္ပံမောင်ဝ၏ နှိုက်နှိုက်ချွတ်ချွတ် ၀တ္တု
ထဲတွင် စကားတတ်ခါစ. သူ့ကလေးက"ငှက်တွေကျ
ပျံ တတ်ပြီး လူတွေမပျံတတ်တာ ဘာဖြစ်လို့လဲ"ဆိုသည် ကိုသွားသတိရမိလိုက် ၏။
ကလေး အမေးဆိုပြီး ပေါ့ပေါ့တော့ မထင်နှင့်။သမီးက
လည်း အမေးအမြန်း ထူသည့်နေရာတွင် မိလိန္ဒမင်းကြီး
ဝိဒေဟရာဇ်မင်းကြီးတို့ထက်သာ၏။
ကျွန်တော့အစ်ကိုအကြီးဆုံးကမွေးသော သားတုန်းက
တော့ က်ြဟင်းခါးသီးကို ဘာလို့ကြက်ဟင်းခါးသီးလို့
ခေါ်တာလဲမေးတော့ သူ့အမေ ကျွန်တော့်မရီးက
ခါးလို့ပေါ့ဟု ပြီးစလွယ်ဖြေသည်။သို့သော် မပြီး...
ဒါဆိုရင် ဂေါ်ရခါးသီးကျတော့ ဘာဖြစ်လို့ချိုလဲဟု
ဆက်လာသည်။သူ့သားကိုထိပ်ခေါက်ဖို့ပြင်နေသော
မရီးတော်၏ လက်ကိုကာ၍ ကျွန်တော်က တူတော်ကို
ဆွဲခေါ်သွား ပြီးဂေါ်ရခါးလူမျိုးတွေ စိုက်လို့ခေါ်တာ
ဆိုမှ သင်းကလေး ကျေနပ်တော်မူ၏။
ညီမမမွေးသော တူကလေးကတော့ သူ့ဘွားအေကို
လူတွေဟာ တစ်ယောက်နှင့်တစ်ယောက် ဘာလို့
ဆင်းရဲချမ်းသာ မတူကြတာလဲ ဟု မေး ၏။ဘွားအေလုပ် သူကသူ့မြေးကလေးသူ့ လိုဘုရားတရားကိုင်းရှိုင်း သည်
ဟုသဘောတော်ကျပြီး အတိတ် ကံတွေ၊ကံ....ကံ၏
အကျိုးတွေနှင့် ကျောင်းဆရာမဟောင်းပီပီ ရှေးရှေးတုန်း
ကဘ၀တွေနှင့် အစချီ၏။
"ဒါဆိုရင် စကျင်ကျောက်ခြင်းအတူတူ ဒီကျောက် က
ဘုရား ဖြစ်ပြီး ဒီကျောက် ကဆေးလိပ် ခွက် ဘာလို့ဖြစ်ရ
တာလဲ။"
ဘုရားအမ၊ကျောင်းအမ၊အငြိမ်းစား မြန်မာစာပြ
ဆရာမကြီး ပါးစပ်ပိတ်သွားရသည်။
အခု ကျွန်တော့်  သမီးမေးလိုက်သည့်မေးခွန်းကို
ကာလီဒါသ လည်းဖြေနိုင်မည်မထင်၊မဟော်သဓာနှင့်
ရှင်နာဂသေနမထေရ်တို့လည်း ဘယ်လိုဖြေမည်မသိ။
သမီးမေးလိုက်တာက....
ဟာကျူလီ ချောကလက်ကြိုက်လား မေးချင်လို့
သူ့ဟန်းဖုန်းနံပါတ် ဖေဖေသိလား.....တဲ့။
ကယ်ကြပါ အရပ်ကတို့.....၊သိရင်ပြောကြပါဗျာ၊
ကျေးဇူးဆပ်ပါမည်။
Family မဂ္ဂဇင်း

No comments:

Post a Comment