Monday, 18 July 2016

ဘဝတစ်လွှာ

ဘဝတစ်လွှာ - တက္ကသိုလ်ဘုန်းနိုင်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဘဝဟူသည်ကို...
သစ်ရွက်နှင့် ပမာပုံခိုင်း၍
နှိုင်းစတမ်းဆိုပါလျှင်...

တစ်ရိုးတံ အလွှာငယ် တစ်ဆယ်မကနှင့်
ကြွယ်လှသော စိန်ပန်းရွက်နှယ်
ဘဝမျိုးလည်းရှိသည်...။
တစ်ညှာတွင် တစ်လွှာရှိ၍
ဤတစ်လွှာတွင်ပင် တစ်ရွက်မည်သော
ညောင်ရွက်ကဲ့သို့ ဘဝမျိုးလည်းရှိပါ၏...။
ခိုင်..နှင့် ကျွန်တော့်ဘဝမှာမူ..
နှစ်လွှာပေါင်းမှတစ်ရွက်ဖြစ်ရသည့်
စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်..
တစ်လွှာကြွေခဲ့လေပြီမင့် တစ်ရွက်မမည်လေတော့သော..
အထီးကျန် ဤဘဝဝယ်...။ ။
တက္ကသိုလ်ဘုန်းနိုင်
(သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည် ..ခိုင် - ၁၉၆၄ခုနှစ်)

No comments:

Post a Comment